Main menu

သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဈေးရပ်ကွက်/ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များ၌ (၉-၄-၂၀၂၄) ရက်နေ့တွင်ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ဆန် (၃အိတ်)၊ ဆီတစ်ပိဿာလျှင် (၅၆၅၀) ကျပ်နှုန်းဖြင့် ဆီ (ပိဿာ၂၂၀) ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သားတစ်ပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သားတစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်နှုန်းဖြင့် (၅) ပိဿာ၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀/)ကျပ်ဈေးနှုန်းဖြင့် အမဲသား (၁၀)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ ရွှေဖရုံညွန့်၊ သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌  ရုံးပတီသီး၊ ဘူးညွန့်၊ ရွှေဖရုံသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ ကန်စွန်းရွက် စသောအသီးအနှံများကို ပြည်သူများအနေဖြင့် ချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလောက် နေ့စဉ်ဝယ်ယူရရှိနိုင်ပြီး သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများရောင်းချပေးသော အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)