Main menu

“ပဲတီစိမ်း(မိုးကြို)စိုက်ပျိုးမှုနှင့် စျေးနှုန်းအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၅၇၆၁)ဧက၊ မြစ်သားမြို့နယ်တွင်(၅၃၄၆)ဧက၊ စုစုပေါင်း(၁၁၁၀၇) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ဧပြီလနောက်ဆုံးပတ်မှ စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ပဲတီစိမ်း(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်းသိရှိရပါ သည်။စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့်ရေဆင်း-၁၁မျိုးများကိုသာအများဆုံးစိုက်ပျိုး ကြပြီး(၁)ဧကလျှင် မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း၊ပဲတီစိမ်းမျိုးစျေးနှုန်းအနေဖြင့် တစ်ပြည် လျှင်(၅၀၀၀)ကျပ်စျေးဖြင့်ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုနှစ်ပဲတီစိမ်း (မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက် ရေတင်စနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊ယခုအချိန်တွင် ပဲတီစိမ်းအပင်များအောင်မြင်စွာဖြစ်ထွန်းလျှက် ရှိကြောင်း ယခင်နှစ်ပဲတီစိမ်းအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်(၁၀-၁၂)တင်းထွက်ရှိကြောင်း၊ ယခင်နှစ်ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၅၅၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းများထွက်ပေါ်ခြင်းမရှိသေးသော်လည်း ပဲတီစိမ်း တစ်တင်းလျှင်(၄၀၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)