Main menu

ပြည်ဘိုကိတ်ပဲဈေးအေးသော်လည်း လက်လီ/ကားအရောင်းအဝယ်ဖြစ်

Powered by Drupal

      ပြည်ပဲဈေးကွက်၌ လက်လီ/ လက်ကားရောင်းဝယ်မှုဖြစ်နေသော ပဲများအနက် ဘိုကိတ်ပဲသီးနှံမှာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပဲအထွက်လှိုင်ချိန်ဖြစ်သောကြောင့် ပဲဝင်ရောက်မှုလည်းများလာခဲ့ပြီဖြစ်ပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ ပထမပတ်တွင် တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ကျော် ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်လာခဲ့ပြီး လှောင်ပဲသမားတချို့က ဝယ်ယူကြသည့်အပြင် ဒေသတွင်းလက်လီ/လက်ကားရောင်းဝယ်သူများကလည်း နေ့စဉ်အဝယ်ရှိကြောင်းသိရပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၆၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ယခင်လဈေးနှုန်းထက် အနည်းငယ်လျော့နည်းသွားခဲ့ပါသည်။  ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံ၏ ယခုကာလတူပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်၅သောင်းအောက်ဖြင့်သာရောင်းဝယ်မှုဖြစ်ခဲ့သောကြောင့် ပဲဈေးကွက်၌ ဈေးအနိမ့်ဆုံးရခဲ့သည့် ပဲဖြစ်ခဲ့ပြီး ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ဈေးပိုရရှိသောကြောင့် ပဲဈေးကွက်၌ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးသောပဲသီးနှံဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)