Main menu

“ ဆောင်းကြက်သွန်နီများ ပေါ်ချိန် ဈေးကောင်းရရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ၊ညောင်ရမ်းတိုက်နယ်အတွင်းရှိ ကျေးရွာများတွင် အမြိတ်ခြောက်ဆောင်းစိုက်ကြက်သွန်နီများ စတင်တူးဖော်နေကြောင်း ဒေသခံ တောင်သူများထံမှ  သိရှိရပါသည်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သာစည်မြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ဧက (၁၈၁၅ ) ဧကစိုက်ပျိုးထားရှိပြီး၊  ဆောင်းကြက်သွန်နီများကို ဒီဇင်ဘာလ ပထမပတ်ခန့်တွင် စတင်စိုက်ပျိုးပြီး ယခုဧပြီလဆန်းပိုင်းတွင် စတင်ထွက်ရှိလျက်ရှိကြောင်း၊ကြက်သွန်နီ တစ်ဧကစိုက်ပျိုးလျှင် မြေပြုပြင်ခ၊ ထွန်ယက်ခ၊ လုပ်သားခနှင့်သွင်းအားစုအပါအဝင် ကျပ်သိန်း(၄၀)ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း မှာ ပျှမ်းမျှ ပိဿာ ချိန်(၄၀၀၀)ခန့်ထွက်ရှိကြောင်း၊ လက်ရှိတောင်သူများမှ ပွဲစားကုန်သည်များသို့ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀-၁၆၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသဖြင့် ယခုနှစ်ဆောင်း ကြက်သွန်နီအနေဖြင့် တောင်သူများထိုက်သင့်သောအကျိုးအမြတ်ရရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)