Main menu

မကွေးမြို့၊ မြို့မဈေးအတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မဈေးသို့ မြင်းခင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ ဒဟက်ကန်ကျေးရွာ ၊ ကံပြားကျေးရွာ၊ ကံလှကျေးရွာ၊ ထုံးပေါက်တောကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မန်ကျီးကန်ကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။

        မကွေးမြို့၊ မြို့မဈေးတွင် ၂၀၂၄ခုနှစ်၊ ဧပြီလ (ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိကြသော ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်( ၈၀၀-၁၀၀၀)၊ အာလူး(၁)ပိဿာလျှင်  ကျပ်(၂၀၀၀-၂၂၀၀)၊ ငရုတ်သီးတောင်ပေါ် (၁၁) (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ပန်းမုန်လာ (၁)ပွင့်လျှင်  ကျပ်(၆၀၀-၁၂၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်( ၁၄၀၀၀-၁၈၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၇၀၀-၄၀၀၀)၊ ကြက်ဥ (၁၀)လုံးလျှင် ကျပ်(၂၄၀၀-၂၅၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်( ၁၂၀၀၀)ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀)၊ ငရုတ်သီး‌‌တောင်ပေါ် (၁၁) (၁)ပိဿာလျှင် ကျပ်(၃၀၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်( ၃၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၀) စသည်ဖြင့် ဈေးနှုန်းအသီးသီး အနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(မကွေး)