မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မဈေး၌ မြင်ခင်း၊ ချောင်းဖြူ၊ ဒဟက်ကန်၊ ကန်ပြား၊ ကံလှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ ရေထွက်ကုန်ပစ္စည်းများ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၉၀၀၀၀)၊ ငါးဘက်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၀၀၀၀) ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၉၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်( ၂၈၀၀၀-၃၂၀၀၀)၊ ငါးအုံးမဲ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်( ၆၀၀၀၀-၇၀၀၀၀) ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်( ၁၂၀၀၀-၁၆၀၀၀-၁၈၀၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငါးဘက်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငါးရံ့ခြောက်ပြား (၁)ပိဿာလျှင် ကျပ်(၂၀၀၀) ငါးရံ့လုံး (၁)ပိဿာလျှင် (၂၅၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ပြီး အကောင်အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်းသိရှိရ ပါသည်။
DOCA(မကွေး)