မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူပဲမျိုးစုံထွက်ရှိရာဖြစ်သော ပခုက္ကူကျွန်း၊ ပေါက်၊ မြိုင်၊ ရေစကြိုမြို့တို့၌ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲဝါ၊ ကုလားပဲဖြူ (လုံးကြီး)၊ စွန်တာနီ၊ ပဲဇီးကွက်၊ ထောပတ်ပဲဖြူ၊ ပဲယင်းအမျိုးမျိုး၊ ပြောင်းဖူးစေ့(စီပီ)၊ မန်ကျည်း တောင့်၊ ကြက်ဆူနှင့် နေလဲစေ့တို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်ရှိ ကျေးရွာများသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦးတို့မှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၆၄၀၀)၊ ကုလားပဲဝါ(HL)(၁)တင်းလျှင် ကျပ်(၇၉၀၀၀)၊ ကုလားပဲဝါ(လုံးကြီး)(929)(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ ကုလားပဲဖြူ (လုံးကြီး) (V2)(၁)တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲဖြူ(လုံးကြီး) (V6) (၁)တင်းလျှင် ကျပ်(၈၃၀၀၀)၊ စွန်တာနီ(၁)တင်းလျှင် ကျပ်(၄၈၀၀၀)၊ ထောပတ်ပဲဖြူ(ယော)(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ မန်ကျည်းတောင့် အစေ့ပါတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ ကြက်ဆူတစ်ပိဿာလျှင် ကျပ်(၃၂၀၀)နှင့် နေလဲစေ့တစ်ပိဿာလျှင် ကျပ်(၇၀၂၅)တို့ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၂၀၀၀)အိတ်၊ ကုလားပဲဝါ (HL) အိတ်(၂၀၀)၊ ကုလားပဲဝါလုံးကြီး (929) (၂၅၀)အိတ်၊ ကုလားပဲဖြူလုံးကြီး(V2) (၃၀၀)အိတ်၊ ကုလားပဲဖြူလုံးကြီး (၂၀၀)အိတ်၊ စွန်တာနီ (၅၀၀)အိတ်၊ ထောပတ်ပဲဖြူ (ယော)(၁)(၃၀၀)အိတ်၊ မန်ကျည်းတောင့်ကုန်ချိန်ပိဿာ (၂၀၀၀)၊ကြက်ဆူ(၃၀၀၀)၊ နေလဲစေ့ပိဿာ(၃၀၀၀)တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တန်းခူလပိတ်ရက်များတွင်သာ အရောင်းအဝယ်နားကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)