Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

     ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးဝယ်လက်များလည်း ရှိပါသည်။

    ဧပြီဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၂၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀ခန့်ရှိခဲ့ပြီး ပဲတီစိမ်းတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့်ရှိပါသည်။ ဧပြီလဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၁၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်ရှိပါသည်။ ဧပြီဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၈၅၀၀၀ကျပ်၊ (မြကြေးမှုံ)တစ်တင်းကို ၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့်အဝယ်ရှိပါသည်။

   ဧပြီဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၉၃၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၈၈၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများတစ်ရက်ကို အိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့် အဝယ်ရှိပါသည်။ ဧပြီ ဒုတိယပတ်တွင် စားတော်ပဲကျွန်း တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၅/၅၀ခန့်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်၏ ဧပြီလဒုတိယပတ်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးကောင်းနေခဲ့ပါသည်။ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း) ကုလားပဲဈေးများမှာအေးနေပြီး အရောင်းအဝယ်မှာပုံမှန်သာရှိပါသည်။

DOCA(ပဲခူး)