Main menu

မြောင်းမြခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၂-၄-၂၀၂၄)ရက်နေ့၊နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍  မြို့နယ်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီများအား ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းကို စစ်ဆေးတွေ့ရှိရပါက ဥပဒေများအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးဆီလုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၁၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)