![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/116_16.jpg?itok=TBX1NzOM)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၄ခုနှစ်၊ ဧပြီလ ( ၉ ) ရက်နေ့မှ ဧပြီလ ( ၁၂ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ခရမ်း၊ ပဲခူးမှ ဖရဲသီး (855) တစ်လုံးလျှင် အလုံးကြီး ကျပ်၁၀၀၀၀၊ အလုံးလတ် ကျပ်၉၀၀၀၊ အလုံးသေး ကျပ်၈၀၀၀၊ ခရမ်း၊ ပဲခူးမှ ဖရဲသီး (211) တစ်လုံးလျှင် အလုံးကြီး ကျပ်၅၀၀၀၊ အလုံးလတ် ကျပ်၄၅၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၂၀၀၀၊ အလုံးလတ် ကျပ်၁၅၀၀၊ အလုံးသေး ကျပ်၁၀၀၀၊ ပုပ္ပါး၊ တိုက်ကြီးမှ မာလကာသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၁၀၀၀၊ အလုံးလတ် ကျပ်၈၀၀၊ အလုံးသေး ကျပ်၆၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၅၀၀၀၊ အလုံးလတ် ကျပ်၄၀၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်းလျှင် ကျပ်၁၅၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်၁၀၀၀၀၊ ကျိုက်ထိုမှ ပိန္နဲသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၃၀၀၀၀၊ အလုံးလတ် ကျပ်၂၀၀၀၀၊ အလုံးသေး ကျပ်၁၀၀၀၀၊ မှော်ဘီမှ စိမ်းစားဥအလုံးကြီးတစ်တွဲလျှင် ကျပ်၁၀၀၀၊ ပြည်မှ ဆီးသီးခြောက် (အချို) အလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၅၀၀၊ ကျိုက်ကော်မှ နာနတ်သီးတစ်လုံးလျှင် အလုံးကြီး ကျပ်၁၅၀၀၊ အလုံးလတ် ကျပ်၁၀၀၀၊ အလုံးသေး ကျပ်၈၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာ ဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)