![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12_12.jpg?itok=VWy0xf4G)
ယခုရာသီစာများထဲမှ လူကြိုက်အများဆုံး အသီးအနှံတစ်ခုဖြစ်သည့် ဒူးရင်းသီး များကိုလည်း တောင်ငူမြို့တွင်ရောင်းချနေကြပြီဖြစ်ပါသည်။ တောင်ငူမြို့ အရှေ့ဘက် ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်၊ ဘောဂလိ၊ လိပ်သို ဒေသများမှ ပေါ်ဦးပေါ်ဖျား ဒူးရင်း သီးများကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြပါသည်။
၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ ဒူးရင်းသီးတစ်လုံးလျှင် (၇၅၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိ ရောင်းချနေကြောင်း သိရှိရပါသည်။ ဒူးရင်းသီးသည် ပိုတက်ဆီယမ်ကြွယ်ဝသော အသီးတစ်မျိုးဖြစ်ပါသည်။ ဒူးရင်းသီးစားခြင်းအား ဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေး၍ သွေးတိုးမဖြစ်စေရန် ကာကွယ်ပေးကြောင်း လည်း သိရှိရပါသည်။
လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသော်လည်း ဒူးရင်းသီးကို အလွန်အကျွံ စားသုံး လျှင် အော့အန်ခြင်းများ၊ လေအောင့်ခြင်းများ စသည်တို့ကိုခံစားရမည်ဖြစ်ကြောင်း လေ့လာတွေ့ ရှိ ချက်များအရသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
တောင်ငူခရိုင်