Main menu

ဧပြီလမတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံများတွင် ယခုဧပြီလ ဈေးနှုန်းများမှာ ယခင်မတ်လ စတုတ္တပတ် ဈေးနှုန်းထက် ပြန်လည်မြင့်တက်လာပြီး ဈေးအမြင့်ဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရပါသည်။

          ယခင် မတ်လကုန်ပိုင်းတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းမှာ မတ်ပဲ ပိဿာ (၂၀) တစ်တင်း လျှင် (၉၂၈၀၀ ကျပ်မှ ၉၃၀၀၀ ကျပ်) သာရှိခဲ့ပြီး ယခုဧပြီလဆန်း ပထမပတ်တွင် မတ်ပဲပိဿာတစ်တင်းလျှင် (၉၆၆၀၀ ကျပ်မှ ၉၉၁၀၀ကျပ် ) ထိ ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။

          သင်္ကြန်မတိုင်မီ  တောင်သူများ ရောင်းချမှုများလာပြီး ဈေးနှုန်းလည်း ဆက်လက်   မြင့်တက်လာရာ ဧပြီလ ဒုတိယပတ်တွင် ပိဿာ(၂၀)တစ်တင်း (၁၀၁၀၀၀ ကျပ်မှ ၁၀၂၀၀၀ ကျပ်)အထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး  သင်္ကြန်ပိတ်ရက် ဧပြီလ တတိယပတ်တွင်မူ ပွဲရုံများ ပိတ်ထားသဖြင့်  အရောင်းအဝယ် မရှိခဲ့ပါ။ သင်္ကြန်ကျော် ဧပြီလ စတုတ္တပတ် (၂၄) ရက်နေ့ထိ ရောင်းဝယ်ခဲ့သောဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၁၀၂၀၀၀ ကျပ်မှ ၁၀၃၃၀၀ ကျပ်)အထိ ဈေးအတက်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ တင်ပို့ရောင်းချမှု အနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀)ဆံ့ ကားနှစ်စီးဖြင့် ရက်ခြားတင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)