
၂၈.၄.၂၀၂၄နေ့၊ နံနက် ၀၈း၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပီပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ စားအုန်းဆီ ၆၀ ပီပါ တို့ကိုယာဉ်မောင်း ဦးရနဲနိုင်ဦး ၊ ယာဉ်အမှတ် 2I/7044 ၊Nissan Disel မော်တော်ယာဉ်ဖြင့် တင်ဆောင်လာ၍ ထပ်မံရောက်ရှိလာခဲ့ရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါကြောင်းအဆိုပါစားအုန်းဆီ ၆၀ ပီပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တနသရ(ထားဝယ်)