![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/42_6.jpg?itok=SmI0CMxE)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်း တစ်မျိုးဖြစ်သည့် ဘိလပ်မြေ ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလ(တတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အလ်ဖာ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ယခင် ဧပြီလ (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အလ်ဖာ တစ်အိတ်လျှင် ကျပ်(၁၁၈၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၁၄၀၀)ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင် ဈေးနှုန်းတည်ငြိမ်နေပြီး အလ်ဖာ ကျပ်(၁၂၀၀)၊ အပါချီ ကျပ်(၂၁၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။ ဈေးနှုန်းမြှင့်တက်လာရသည့် အကြောင်းရင်း မှာ သယ်ယူပို့ဆောင်ခမြှင့်တက်ခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှုလျော့နည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
ဥမ္မာသန်း(မင်းဘူး)