![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9_13.jpg?itok=d1pLXY7D)
ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဧပြီလ နောက်ဆုံးပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ထိ၊ ရွှေလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေသခွားသီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ဒူးရင်းသီး တစ်လုံးလျှင် (၁၁၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး(အဝိုင်းသီး) တစ်ပိဿာ (၈၀၀၀)ကျပ်၊စပျစ်သီး (အချွန်းသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)