ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့မဈေးအပြင်တန်းတွင် အသား ငါးများ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ရာသီပေါ် သီးနှံများ သစ်သီးဝလံများ များပြားစုံလင်စွာ ရောင်းချလျက်ရှိပါသည်။
ညောင်လေးပင်မြို့မဈေးတွင် ၂၀၂၄ခုနှစ် ဧပြီလ ပထမပတ်အတွင်းဒညင်းသီး စတင်ဝင် ရောက်ခဲ့သည်ဟု သိရှိရပြီး၊ ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ဒညင်းသီး ဈေးနှုန်းမှာ (၁)ပြည်လျှင် ၁၆၀၀၀ ကျပ် မှ ၁၈၀၀၀ကျပ်အထိ ရောင်းချလျက်ရှိနေကြောင်း ညောင်လေးပင် မြို့မဈေးတွင် ရောင်းချနေသော ဒညင်းသီးကုန်သည်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)