ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ရောင်းချလျက် ရှိသော ကုလားပဲနှင့်ပဲခြမ်း၊ ပဲမှုန့်ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဧပြီလတစ်လလုံးတွင် ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲတည်ငြိမ်လျက် ရှိနေပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် ကုလားပဲ အလုံး တစ်ပိဿာလျှင်(၅၂၀၀)ကျပ် ၊ ကုလားပဲခွဲခြမ်းစိမ်းတစ်ပိဿာလျှင် (၆၁၀၀) ကျပ်၊ ပဲမှုန့်စိမ်း တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ ပဲမှုန့်အကျက်တစ်ပိဿာလျှင် (၆၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေ ပါသည်။ ယခုရောင်းချသောဈေးနှုန်းမှာ လက်လီဈေးနှုန်းများသာဖြစ်ပြီး (၅) ပိဿာနှင့်အထက် ဝယ်ယူလျှင် လက်ကားဈေးမှာ ကုလားပဲ (အလုံး)တစ်ပိဿာလျှင် (၅၀၀၀) ကျပ် ၊ ကုလားပဲ (ခွဲခြမ်းစိမ်း) တစ်ပိဿာလျှင် (၅၉၀၀) ကျပ်နှုန်း ၊ ပဲမှုန့်(စိမ်း) တစ်ပိဿာလျှင် (၆၄၀၀) ကျပ် ၊ ပဲမှုန့်(အကျက်) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ကုလားပဲဝယ်ယူ ကြိတ်ခွဲရောင်းချနေသော ပဲခွဲစက်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)