![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မတ်ပဲ_14.jpg?itok=ZtAALinx)
တောင်ငူခရိုင် ဖြူးမြို့တွင် ၂၀၂၄ခုနှစ် ဧပြီလ သင်္ကြန်ရက်ပိုင်းများတွင် ဈေးနှုန်းအနေဖြင့် ဒေသထွက် ပေါ်ဆန်းဆန်မှာ တစ်အိတ်လျှင် ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)ဆန်မှာ မတ်လက တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၈၇၀၀၀ ကျပ်အထိရှိရာမှ ယခုဧပြီလနောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ် အထိရှိပါသည်။
စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲကြီးမှာ မတ်လက တစ်အိတ်လျှင် ရိုးရိုး ၅၂၀၀၀ မှ ယခုဧပြီလနောက်ဆုံးပတ်တွင် ၅၀၀၀၀ ကျပ်၊ ကာလာ ပေါလစ်တင်လျှင် မတ်လက တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၅၆၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။ ဆန်ကွဲအသေးမှာ တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဖွဲနုမှာ တစ်အိတ်လျှင် ၁၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မတ်ပဲ(ပိဿာ၃၀)မှာ မတ်လက တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၅၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ပဲတီစိမ်းမှာ မတ်လက တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလနောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ကျဆင်းပါသည်။ ပဲလွန်းဖြူမှာ ဧပြီလနောက်ဆုံးပတ်အတွင်း အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှ သိရပါသည်။
DOCA(ပဲခူး)