စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁.၂.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ပေါင်မြို့ပေါ်ရှိရန်ကုန်-မော်လမြိုင် လမ်းမကြီး၏ လမ်းဘေးဝဲ/ယာရှိစားသောက်ဆိုင်များ၊ အကြော်ဆိုင်၊ အကင်ဆိုင်များ၌ လတ်ဆတ်သော အစားအသောက်ဖြစ်ရန် ထားသိုနည်း၊ သုံးစွဲနည်း၊ သန့်ရှင်းသပ်ရပ်ခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအကြံပြုဆွေးနွေးခဲ့ပါသည်။
စားသောက်ကုန်ရောင်းချသူများအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များ၊ တားမြစ်ချက်များအား သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)