Main menu

“ ကော့မှူးမြို့နယ်၌ မိုးနှောင်း ဆောင်းသီးနှံသီးထပ်၊ သီးထွက်သီးနှံနေကြာများ ရိတ်သိမ်းပြီးစီးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်ဆောင်းသီးထပ်၊ သီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသအတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန်တို့အတွက် အားထားစိုက်ပျိုးခဲ့သည့် ဆောင်းသီးထွက် သီးနှံနေကြာစိုက်ပျိုးရေးကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ကော့မှူးမြို့နယ်တွင် (၅၀၉)ဧကလျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

        ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးနှောင်းနှင့် ဆောင်းတွင်းအခါ မကျီးကန်၊ တာလမ်းသစ်၊ ပြည်တော်သာ၊ တောင်ပိုင်းဘုရားလမ်း၊ မြို့သစ်ရပ်ကွက်များနှင့် ထမ္မနိုင်၊ မဝန်း၊ ဝါးဘလောက်သောက်၊ ကျွဲလူးအိုင်၊ ဖရုံချောင်၊ ကန်သုံးကန်၊ ကိုးတောင်၊ မျက်ဆံနီ၊ မကျီးကန်၊ အဖျောက်၊ ပန္နဲကုန်း၊ မရပ်ကုန်း၊ ရွာတန်းရှည်၊ ရေဖြူတွင်း၊ ကြာကန်ကျေးရွာများတွင် စိုက်ပျိုးထားသော နေကြာစိုက်ခင်းများအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၂)တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

DOCA(ရန်ကုန်)