ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိကြပြီး ဆောင်းသီးနှံ သီးထပ်၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိသည့်အပြင် နွေစပါးသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း ကော့မှူးမြို့နယ်တွင် (၁၉၅၃၃)ဧကအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလက်ရှိအချိန်တွင် ဧက(၁၆၉၇၉)ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။
ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ တစ်မြို့နယ်လုံး နွေစပါးလျာထားဧကစိုက်ပျိုးမှုအနေဖြင့် (၁၅၆၈၇)ဧကလျာထားခဲ့ပြီး တိုးချဲ့စိုက်ဧက (၁၉၅၃၃)ဧကအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင် (၁၆၉၇၉)ဧကရိတ်သိမ်းခြွေလှေ့နိုင်ခဲ့ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် (၉၅.၄၉)တင်းထွက်ရှိခဲ့ပြီး ကော့မှူးမြို့နယ်အနေဖြင့် ယခုလက်ရှိအချိန်ထိ နွေစပါး(၁၆၂၁၃၆၇) တင်းထွက်ရှိပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။
DOCA(ရန်ကုန်)