Main menu

တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ အချင်အတွယ်မှန်ကန်ခြင်းရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး နေ့စဉ်ဆီကားဝင်ရောက်မှုအခြေအနေ၊ စက်သုံးဆီရောင်းချမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်သိုလှောင်ကန်များကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)