ဟင်္သာတမြို့နယ်၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ စစ်ဆေးရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံဦးဆောင်သောအဖွဲ့သည် (၁၅.၂.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီတွင် ဟင်္သာတမြို့၊ ဗိုလ်မြတ်ထွန်းလမ်းရှိ Max စက်သုံးဆီအရောင်းဆိုင်တွင် အထူး ဈေးနှုန်းဖြင့် Premium ဒီဇယ်နှင့် ရိုးရိုးဒီဇယ်များ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီ ကုမ္ပဏီများမှ မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနကထုတ်ပြန်ထားသော ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းဖြစ်ပြီး Max စက်သုံးဆီအရောင်းဆိုင်အနေဖြင့် (၈.၂.၂၀၂၂ မှ ၁၇.၂.၂၀၂၂)ထိ ရောင်းချပေးမည်ဖြစ်ကာ ရိုးရိုးဒီဇယ် ၁၇၀၀၀ လီတာနှင့် Premium ဒီဇယ် ၄၅၀၀၀ လီတာခန့် ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)