Main menu

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

        မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၅၃၀-၈၇၃၀)၊ နှမ်းနီ(၁)ပိဿာလျှင် ကျပ် (၇၆၇၀-၇၈၀၀)၊ နှမ်းနက်(စမုံ)(၁)ပိဿာလျှင် ကျပ်(၈၅၃၀-၈၆၇၀)၊ မြေပဲဆီဆef (အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၄၆၀၀-၅၁၀၀)၊ ပဲတီစိမ်း(၁)ပိဿာလျှင် ကျပ်(၃၆၀၀-၃၆၅၀)၊ ပဲနှောက်(၁)ပိဿာလျှင် ကျပ်(၂၇၅၀-၂၉၀၀)၊ ပဲလွန်ဝါ (ကြီး) (၁)ပိဿာလျှင် ကျပ်(၃၀၅၀)၊ ကုလားပဲ(၁)ပိဿာလျှင် ကျပ်(၄၁၈၀-၄၂၄၀)၊ မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၅၀၃၀)၊ ပဲစင်းငုံနီ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ စားတော်ပဲ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းနီ ကျပ်(၁၃၀)၊ မတ်ပဲ ကျပ်(၂၈၀)၊ ပဲစင်းငုံ(နီ) ကျပ်(၃၅၀)၊ ကုလားပဲ ကျပ်(၁၀၀)၊ မြေပဲဆီဆန်(အောက်ကျ) ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ပဲလွန်းဝါကြီး ကျပ်(၁၁၀) ဈေးလျော့ကျခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၆၃၂)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

       တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ကုလားပဲ(၁)ပိဿာလျှင် ကျပ်(၃၈၅၀-၄၁၃၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၁၃၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၅၀.၉၈)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

     အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက်(၁)ပိဿာလျှင် ကျပ်(၇၇၈၀-၈၄၄၅)၊ ရိုးရိုးနှမ်းနက်(၁)ပိဿာလျှင် ကျပ်(၇၅၅၅)၊ နှမ်းနီ(၁)ပိဿာလျှင် ကျပ်(၇၅၅၅)၊ နှမ်းဖြူသန့်(၁)ပိဿာလျှင် ကျပ်(၇၇၈၀)၊ ပဲစင်းငုံနီ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ ကုလားပဲ (မြကြေး) (၁)ပိဿာလျှင် ကျပ် (၄၄၅၀)၊ ကုလားပဲ (ဟော်လန်) (၁)ပိဿာလျှင် ကျပ်(၄၁၇၅)၊ ပဲကြီး(သစ်) (၁)ပိဿာလျှင် ကျပ်(၄၇၅၀-၄၉၅၀)၊ မြေပဲဆီဆန် (နီ)(၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၃၀၀)၊ မြေပဲဆီဆန်(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၆၀၀-၆၇၀၀)၊ မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၄၉၀၀)၊ ဝါ(၁)ပိဿာလျှင် ကျပ်(၂၇၀၀-၂၈၀၀)၊ ဘိုကိတ်ပြာ(၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ပဲစင်းငုံ (နီ) ကျပ်(၄၅၀)၊ ဘိုကိတ်ပြာ ကျပ်(၁၀၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၁၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၁၅၀)၊ မတ်ပဲ ကျပ်(၃၃၅)၊ မြေပဲလုံးဆန်ဖြူ ကျပ်(၃၀၀)အသီးသီးဈေးနှုန်းမြင့်တက်နေပြီး ပဲကြီး ကျပ်(၁၅၀)၊ ဝါ ကျပ်(၂၀၀)ဈေးနှုန်းလျော့နည်းခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန်(၃၀.၄) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။  

    ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၉၀၀)ဖြစ်ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန်(၂၅.၆၇)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။  

   ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်)(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင်  ကြက်သွန်နီ(သစ်) ကျပ်(၁၀၀)ဈေးနှုန်းလျော့ကျပြီး တစ်ပတ်အတွင်း တန်ချိန်(၁၅၁)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

     ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929)(၁)ပိဿာလျှင် ကျပ်(၄၂၁၀)၊ ကုလားပဲဖြူ(V2) (၁)ပိဿာလျှင်ကျပ်(၄၂၃၅)၊ ကုလားပဲ(V6) (၁)ပိဿာလျှင်ကျပ်(၄၃၄၅)၊ ထောပတ်ပဲ(ကျွန်း)(၁)ပိဿာလျှင် ကျပ် (၄၉၅၀)၊ ပဲစင်းငုံ(၁)ပိဿာလျှင် ကျပ်(၆၅၅၀)၊ ပဲဇီးကွက်(၁)ပိဿာလျှင် ကျပ်(၂၄၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ထောပတ်ပဲ(ကျွန်း) ကျပ်(၁၁၀-၃၂၀)၊ ပဲစင်းငုံ ကျပ် (၄၆၀)၊ ပဲဇီးကွက် ကျပ်(၁၀၀)၊ ကုလားပဲ(929) ကျပ်(၁၀၅)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  တစ်ပတ်အတွင်း တန်ချိန်(၄၆.၂၆)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)