ရှမ်းပြည်နယ်မှထွက်ရှိသော ဖယောင်းပန်း(ခေါ်)ပင်းတယရွှေဝါများသည် ပင်းတယ၊ ကလော ဒေသထွက်ရိုးရာပန်းတစ်မျိုးဖြစ်ပါသည်။ ဖယောင်းပန်းများသည် အရောင် ၊အဆင်း ၊အနံ့ပြည့်စုံခြင်းကြောင့် ဘုရားပန်းအဖြစ် ကပ်လှူကြပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပန်းဈေးကွက်တွင် ဝယ်လိုအား များပြားနေလျက်ရှိပါသည်။ အဆိုပါ ဖယောင်းပန်းများသည် ယခင်ဧပြီလအတွင်းမှ စတင်ထွက်ရှိလာ ခဲ့ပြီး ယခုမေလအတွင်းတွင် ဈေးကွက်အတွင်း၌ ရောင်းချသူများ အများအပြားရှိနေပါပြီဖြစ်ပါသည်။ ယင်းဖယောင်းသစ်ခွများသည် တစ်ဖူးထိုး/ နှစ်ဖူးထိုးဟူ၍ အမျိုးအစား(၂)မျိုးရှိပြီး ဖယောင်းသစ်ခွ တစ်ဖူးထိုးဈေးနှုန်း အနေဖြင့် ၁၀ပင် တစ်စီးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အတွင်း ပေါက်ဈေးရှိပြီး နှစ်ဖူးထိုး ၁၀ပင် တစ်စီး လျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်အတွင်း ပေါက်ဈေးရှိကြောင်း သတင်းရရှိ ပါသည်။
DOCA(ရှမ်း)