Main menu

စတင်ပေါ်ထွက် စိန်တလုံးသရက်

Powered by Drupal

     အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ အသီးမှာသရက်ဆိုသည့်အတိုင်း အနံ့အရသာနှင့် ပြည့်စုံသော စိန်တလုံးသရက်များသည် ယခုရာသီအချိန်တွင် စတင်ထွက်ရှိလာပြီ ဖြစ်ပါသည်။ သရက်အမျိုးအစားများစွာရှိသော်လည်း စိန်တလုံးသရက်သည် ပိုမိုထူးကဲကောင်းမွန်သောကြောင့် ဈေးကွက်အတွင်းဈေးကောင်းရ၊ လူကြိုက်များလျက်ရှိပါသည်။ ယခုမေလအတွင်း ဈေးကွက်ပေါက်ဈေးအနေဖြင့် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ စိန်တလုံးသရက်သီး (၁)လုံးလျှင် ၇၅၀ကျပ်မှ ၁၅၀၀ကျပ်အထိ အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)