စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များသည် ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရေးဆွဲထားသည့်ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချနိုင်ရေးနှင့် ခွဲတမ်းရရှိသည့် ဆီပမာဏကိုလည်း ပြည်သူများထံ အပြည့်အဝရောင်းချနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ရောနှောဆီများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ဆီလုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆီစက်လုပ်ငန်းရှင်(၂၃) ဦးတက်ရောက်ခဲ့ကကြပြီး နံနက် (၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)