![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅၀_7.jpg?itok=eyuHQvwA)
တောင်ငူမြို့အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထွက် သစ်သီးဝလံများကို တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် မင်းဂွတ်သီးနှင့် ကြက်မောက်သီးများရောင်းချနေပြီဖြစ်ပါသည်။
၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင်ရောင်းချသော ဈေးနှုန်းများအရ မင်းဂွတ်သီးမှာ အသေးတစ်လုံးလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်အထိနှင့် အကြီးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိပါသည်။ ကြက်မောက်သီးမှာ အသေးတစ်လုံးလျှင် ၄၀၀ကျပ်၊ အကြီးတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြပါသည်။
မင်းဂွတ်သီးနှင့် ကြက်မောက်သီးများမှာ ရာသီပေါ်ဖြစ်သဖြင့် လူကြိုက်များ၍ ရောင်းချရလျက်ရှိကြောင်း ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များမှသိရှိရပါသည်။
DOCA(ပဲခူး)