![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅၂_4.jpg?itok=oBQpzag5)
နေပြည်တော်တပ်ကုန်းဒေသထွက် ဖရဲသီးများအား တောင်သူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသတွင်းမှထွက်ရှိသော ဖရဲသီးများထက် အရသာပိုမိုကောင်းမွန် သောကြောင့် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။
တပ်ကုန်းဒေသထွက် ဖရဲသီးများအား ကားတစ်စီးလျှင် အလုံးရေ (၃၀၀၀) ခန့်တင်ဆောင်၍ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်လှစ်၍သော်လည်းကောင်း၊ မော်တော်ယာဉ်များဖြင့် တောင်ငူမြို့တွင်းရှိ လူစည်ကားရာနေရာများနှင့် ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များသို့ လှည့်လည်ရောင်းချခြင်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ မေလ ပထမအပတ်၌ရောင်းချသော ဖရဲသီးဈေးနှုန်းများအနေဖြင့် ကြီး၊ လတ်၊ ငယ် အရွယ်အစားအလိုက် တစ်လုံးလျှင် ၄၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၂၀၀၀ကျပ်နှင့် ၁၀၀၀ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပေးလျက်ရှိကြောင်း တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင် ဖရဲသီးရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)