Main menu

ပြည်ဈေးကွက်၌ ဈေးပြိုင်မြင့်တက်နေသော မတ်ပဲနှင့်ပဲစင်းငုံသီးနှံ၏ နှစ်အလိုက် ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Powered by Drupal

     ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စသည့်သီးနှံများတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများကို ဈေးအမြင့်ဖြင့် ရောင်းဝယ်နေကြပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း ပဲတီစိမ်းသီးနှံမှာမူ ပဲအဝင်မရှိတော့သဖြင့် အရောင်းအဝယ်မဖြစ်သလောက် အရောင်းအေးသွားခဲ့ကြောင်းသိရပါသည်။ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများအနေဖြင့် ပဲအဝင်နေ့စဉ်ရှိခဲ့ကြပြီး ဝယ်လိုအားအနေဖြင့်လည်း ရန်ကုန်ဝယ်လက်သမားများ အဝယ်လိုက်ခဲ့သောကြောင့် ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲသီးနှံအား လှောင်သမားတချို့လည်း ဝယ်ယူမှုရှိကြသည်ဟုသိရပါသည်။ မတ်ပဲနှင့်ပဲစင်းငုံသီးနှံများ၏ နှစ်အလိုက် ဈေးနှုန်းဖြစ်ပေါ်မှုအခြေအနေအရ ယခုနှစ်တွင် အဆိုပါပဲ(၂)မျိုးစလုံးမှာ ရှေးယခင်နှစ်များထက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

        မတ်ပဲသီးနှံသည် ၂၀၂၁ခုနှစ်အတွင်း ပဲစင်းငုံသီးနှံထက်ပင် ဈေးလျော့ခဲ့ကာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၂၉၅၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ပဲစင်းငုံသီးနှံမှာ တစ်တင်းလျှင် ၃၂၅၀၀ကျပ်ရရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် ပဲဈေးအသီးသီးမှာ ယခင်နှစ်ထက် ဈေးမြင့်လာသည့်အတွက်  မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ ဈေးပြိုင်မြင့်တက်လာခဲ့ကာ ပိဿာ(၂၀) ဝင်တစ်တင်းလျှင် မတ်ပဲသီးနှံအနေဖြင့် ၄၈၀၀၀ကျပ်နှုန်း၊ ပဲစင်းငုံသီးနှံအနေဖြင့် ၄၅၇၀၀ကျပ်နှုန်းတို့ဖြင့် မတ်ပဲသီးနှံမှာ ပဲစင်းငုံသီးနှံထက် ဈေးပိုရလာခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ ဧပြီလ လကုန်ပတ်ဈေးနှုန်းမှာမူ မတ်ပဲနှင့်ပဲစင်းငုံသီးနှံဈေးအနေဖြင့် ပဲစင်းငုံသီးနှံမှာ မတ်ပဲသီးနှံဈေးထက် တစ်တင်းလျှင် ကျပ်၁သောင်းခန့်ဈေးမြင့်လာခဲ့သည့်အတွက် ပဲစင်းငုံသီးနှံစိုက်ပျိုးထုတ်လုပ်သူများ ထိုက်သင့်သော အကျိုးအမြတ်များရရှိခဲ့သည်ဟု သိရပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲဈေးကွက်မှပဲတီစိမ်းသီးနှံမှလွဲ၍ ကျန်ပြည်ပဝယ်လိုအားပဲများအားလုံးမှာ ယခင်နှစ်ဈေးထက် ဈေးနှုန်းများမြင့်တက်လာမှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများတစ်တင်းလျှင် ကျပ်တစ်သိန်းအထက်ရရှိခဲ့ကြပါသည်။ ထို့ကြောင့် မတ်ပဲသီးနှံတစ်တင်းလျှင် ၁၀၁၅၀၀ကျပ်နှင့် ပဲစင်းငုံသီးနှံတစ်တင်းလျှင် ၁၃၂၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ မတ်ပဲသီးနှံမှာ ပဲဈေးကွက်၌ တစ်နှစ်ပတ်လုံးရောင်းဝယ်နေရသည့် သီးနှံဖြစ်ပြီး ပဲအထွက်လှိုင်ချိန်၊ ပဲဝင်ရောက်မှုများချိန်တွင် အိတ်ရေအများအပြားရောင်းဝယ်မှုဖြစ်ခဲ့ကြကာ ပဲအဝင်ပါးချိန်တွင် လည်း ရန်ကုန်ဝယ်လက်များဖြင့် ပုံမှန်ရောင်းချမှုဖြစ်ခဲ့သော်လည်း ပဲစင်းငုံသီးနှံမှာမူ ပဲအထွက်လှိုင်ချိန်၊ ပဲဝင်ရောက်မှုများချိန်တွင်သာ အရောင်းအဝယ်ဖြစ်မှုများပြီး ကျန်ကာလများတွင် လှောင်ပဲသမားများအနေဖြင့် ဝယ်လက်ရှိမှုအပေါ်  ရက်ခြားသာရောင်းဝယ်မှုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)