Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်မှုအချက်အခြာကျသည့် မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံအရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

      ဧပြီလ ပထမပတ်တွင် မတ်ပဲဈေးပြန်တက်လာပြီး ပဲတစ်တင်းကို ၉၈၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။ ဧပြီလ နောက်ဆုံးပတ်တွင်မူ မတ်ပဲတစ်တင်းကို ၁၀၁၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်ရှိပါသည်။

ပဲစင်းငုံ

     ဧပြီလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၂၂၀၀၀ကျပ်ဖြင့် ဈေးတက်လာပြီး ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။ ဧပြီလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်ရှိပါသည်။

ကုလားပဲ

       ဧပြီလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၈၃၀၀၀-၈၃၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၅၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်ရှိပါသည်။ ဧပြီလ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၈၅၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၈၅၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။

ပဲကြီး

      ဧပြီလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၅၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းအကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၁၅၀ခန့်ရှိပါသည်။ ဧပြီလ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၃၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၈၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိကြပါသည်။

စားတော်ပဲ

    ဧပြီလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၂၅/၅၀) ခန့်ရှိပါသည်။ ဧပြီလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ် ဖြင့်မြို့တွင်းအဝယ်တစ်ရက်လျှင် ၂၅အိတ်ခန့်ရှိပါသည်။

ဘိုကိတ်ပဲ

       ဧပြီလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် ဈေးကျနေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၀၀/၁၅၀)ခန့်အဝယ်ရှိပါသည်။ ဧပြီလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၆၆၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၁၀၀ခန့်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ပဲအရောင်းအဝယ်ဖြစ်မှုမှာ မတ်ပဲနှင့် ပဲစင်းငုံဈေးများမြင့်တက်နေပြီး ကျန်ပဲများဖြစ်သော ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများမှာ ဈေးအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)