Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာ ဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ မေလ (၁) ရက်မှ မေလ (၆) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မင်းဘူး၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၉၇၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်း ခန့်ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၈၈၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၄၀၀ ၊ အကြီးမှာ ကျပ် ၂၅၅၀၊ ရှယ်မှာ ကျပ် ၂၆၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၄၀၀၊ ရှယ်မှာ ကျပ် ၂၅၀၀၊  မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀ ၊ အကြီးမှာ ကျပ် ၂၅၀၀၊ ရှယ်မှာ ကျပ် ၂၆၀၀၊ မင်းဘူး ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၅၀ ၊ အကြီးမှာ ကျပ် ၂၄၅၀၊ ရှယ်မှာ ကျပ် ၂၆၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၅၀၀ ၊ အကြီးမှာ ကျပ် ၂၆၀၀၊ ရှယ်မှာ ကျပ် ၂၆၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)