စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိလိုက်နာနိုင်စေရန်နှင့် စားသုံးဆီများအား သယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ကို သိရှိလိုက်နာနိုင်စေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင် (၁၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးဆီရောင်းချဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စားသုံးဆီများသယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော လုပ်ငန်းရှင်ကြီးများကလည်း ပြန်လည်မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)