စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂-၅-၂၀၂၄) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)