![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.23_0.jpg?itok=V5lZWvsY)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ထွက်ရှိသည့် ရာသီပေါ်ကြက်မောက်သီးများ ဈေးကောင်းရရှိနေကြောင်း ကြက်မောက်သီး စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ထွက်ရှိသည့် အစေ့ကျွတ် ကြက်မောက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ဝန်းကျင်အထိရရှိနေကြောင်း သိရသည်။ အဆိုပါ ကြက်မောက်သီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် အခြားဒေသများတို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကြက်မောက်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော အသီးဖြစ်ပြီး သရေစာအဖြစ် စားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။ ကြက်မောက်ပင်သည် စိုက်ပျိုးပြီး ခြောက်နှစ်ခန့်တွင် အသီးစသီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်ကာ တစ်နှစ်ထက်တစ်နှစ်အသီး ပိုသီးလေ့ရှိကြောင်း၊ အများအားဖြင့် အသီးထွက်ရှိချိန်မှာ မေနှင့်ဇွန်လတို့ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)