ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့် ငုံးဥများ ရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၃၃၀)ကျပ်၊ ကြက်ဥ အလုံးလတ်တစ်လုံးလျှင် (၃၀၀) ကျပ်၊ ကြက်ဥအလုံး သေးတစ်လုံးလျှင် (၂၈၀) ကျပ်၊ ဘဲဥအလုံးကြီးတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဘဲဥအလုံးသေး တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင် (၅၀၀၊၇၀၀) ကျပ်၊ ဆားဘဲဥတစ်လုံးလျှင် (၅၀၀) ကျပ်၊ ငုံးဥ (၁၂) လုံးလျှင် (၁၀၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခုကာလနွေရာသီတွင် ရာသီဥတုပူပြင်း၍ ကြက်မွေးမြူရေးခြံများတွင် ကြက်အသေ အပျောက်များခဲ့ကာ ဥနှုန်းကျဆင်းခဲ့ပြီး ဈေးကွက်လိုအပ်ချက်အရ ဈေးကွက်ဝင်ရောက်မှု လျော့နည်း ခဲ့ကာ ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်း တစ်လုံးလျှင် ပျမ်းမျှ ၂၅ ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)