![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စက်ဆီ_37.jpg?itok=xXZfBiQc)
မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဧပြီလစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀၀၀)ကျပ်၊ (92) တစ်လီတာလျှင်(၂၈၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၁၅) ကျပ်တို့ဖြစ် သက်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခဲ့ကြောင်း သိရသည်။ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (၀၆၇-၄၁၁၃၇၃၊ ၀၆၇-၄၁၁၂၈၂၊ ၀၉-၂၅၄၆၂၅၄၇၇၊ ၀၉ - ၇၇၅၂၉၃၆၃၂ ) ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့်သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။
DOCA(ကရင်)