Main menu

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာရှိ OK ရတနာအဆင့်မြင့်ဆန်စက်သို့ သွားရောက်ကွင်းဆင်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ မြိတ်ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နေ့လယ် (၁၆း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကျောက်ဖျာကျေးရွာရှိ OK ရတနာအဆင့်မြင့်ဆန်စက်သို့သွားရောက်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအခြေအနေများအား  ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။

      ထိုသို့သွားရောက်ကွင်းဆင်းကြည့်ရှုရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြိတ်ခရိုင်အတွင်း ဆန်လုံလောက်မှုရှိစေရန်နှင့် ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရန် ပြောကြားဆွေးနွေးခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်၏ ပြောကြားချက်အရ လျှပ်စစ်နှင့် လောင်စာဆီစျေးကြီးမြင့်လာမှုကြောင့် လောင်စာဆီသုံး မီးစက်အစား solar (ဆိုလာ) စနစ်ဖြင့် အစားထိုးလုပ်ဆောင်နေကြောင်း၊ ၎င်းဆန်စက်တွင် ၅၅၀ watt solar 330 ပြားဖြင့်တပ်ဆင်၍ စတင်လည်ပတ်သုံးစွဲနေကြောင်းသိရှိရပါသည်။ ထို့ပြင် လုပ်ငန်းလည်ပတ်မှုပိုမိုအဆင်ပြေစေရန် solar panel စနစ်များအား ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် ဆောင်ရွက်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)