Main menu

ဒေါပုံမြို့နယ်ရှိ JDS Co., Ltd အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်ဦးဆောင်၍ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များအသင်းမှ ဒေါက်တာမြမြဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်သီတာဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ၊ ဒေါ်သဉ္ဇာဝင်း  စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  ဒေါပုံမြို့နယ်ရှိ JDS Co., ltd မှ သိုလှောင်ရုံတာဝန်ခံ ဒေါ်ဝင်းဝင်းမြိုင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် အဆီကျဆေး၊ ဓာတ်ဆားထုပ်၊ ဆီးချိုဆေး၊ အသည်းအားဆေး၊ အစာအိမ်ဆေး၊ ခေါင်းမူးပြေဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ပိုးသတ်ဆေး၊ ကင်ဆာဆေး၊ အာရုံကြောအားဆေး စသည်ဖြင့် ‌ဆေးအမည်ပေါင်း (၃၆) မျိုး၏ ဝယ်ယူသည့် အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်း ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို အသေးစိတ်စိစစ်၍ ဓာတ်ပုံမှတ်တမ်းများရယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)