Main menu

မြောင်းမြမြို့၊မြသာသာဈေးတွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်နေ့၊နေ့လည်(၁)နာရီအချိန်က မြေင်းမြမြို့၊မြသာယာဈေးရှိ ကုန်မျိုးစုံဆိုင်ရှင်များအား ဈေးတာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၈၃) ၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၁/၂၀၂၁) အား ရှင်းလင်းဆွေးနွေးခြင်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်ပါ စားသုံးသူ၏ အခွင့်အရေးများနှင့် တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို ရှင်းလင်း ဆွေးနွေးပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)