Main menu

၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၁၇၅) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၃၀၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၄၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ ယခုမေလ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၃၁၇၅) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၃၀၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၄၅)ကျပ်ဖြင့် ရောင်းချသောကြောင့် ယခင်မေလ ပထမအပတ် စက်သုံးဆီဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီ(၄)မျိုးလုံးမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းသိရှိပါသည်။

  ၂၀၂၄ခုနှစ်၊ ယခင်ဧပြီလ ဒုတိယပတ်နှင့် မေလ ဒုတိယပတ်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဓာတ်ဆီ(92)တစ်လီတာလျှင် (၄၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၅၀)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၀)ကျပ်မြင့်တက်လျက်ရှိပြီး စက်သုံးဆီဒီဇယ် (ရိုးရိုး)မှာမူ ဧပြီလ ပထမပတ် အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကျွန်းလှမြို့စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)