Main menu

ကန့်ဘလူမြို့၏ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကတ်လျှင် (၁၉၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် (၄၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၂၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် (၁၃၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် (၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၅၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကတ်လျှင် (၃၈၀၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် (၂၀၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      အိမ်သုံးဆေးဝါးဈေးနှုန်းများအား မေလ ပထမပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် (၅၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၁၅၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၅၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် (၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် (၁၀၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကတ်လျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)