Main menu

မကွေးပွဲရုံနှင့်ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀-၂၂၀၀)ရှိခဲ့ပြီး မေလ(ဒုတိယပတ်)တွင် ကျပ်(၁၆၀၀-၁၇၀၀-၁၈၀၀) ဖြစ်၍ ကျပ်(၂၀၀-၃၀၀-၄၀၀)ကျဆင်းလာကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

     ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ မေလ (ဒုတိယပတ်)တွင် ယခင်တစ်ပတ်အတိုင်း ကျပ်(၁၆၀၀-၁၈၀၀-၂၀၀၀)ဖြစ်၍ စျေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့များမှ ဝယ်ယူကြောင်း၊ ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့တင်ပို့ရောင်းချပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇) တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မကွေး)