Main menu

ညောင်တုန်း ပဲကုန်စည်ဒိုင် ဖွင့်လှစ်ရေးတွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် (၁၈.၂.၂၀၂၂)နေ့ နေ့လည် (၁၃:၀၀ မှ ၁၄:၁၅) အချိန်ထိ ပဲကုန်စည်ဒိုင်ဖွင့်လှစ်ရေးအတွက် ပဲနှမ်းအသင်းဥက္ကဌ ဦးသန်းဝင်းနှင့် အဖွဲ့အား တွေ့ဆုံ၍ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ လက်ရှိဖြစ်ပေါ်နေသော ပဲဈေးကွက်အခြေအနေနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လုပ်ငန်းရှင်များ သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာများကို ထည့်သွင်းဆွေးနွေးပြီး ပဲနှမ်းအသင်းဥက္ကဌ ဦးသန်းဝင်းမှ ပဲနှမ်းအသင်း၏ ရည်ရွယ်ချက်၊ ညောင်တုန်းပဲဈေးကွက်၊ ရန်ကုန် ဘုရင့်နောင်ပဲဈေးကွက်အခြေအနေများနှင့် (၂၂.၂.၂၀၂၂)နေ့တွင် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)