
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဆန်များကို ပုသိမ်မြို့၊ မြောင်းမြမြို့ နှင့် ကုန်းဇောင်းဒေသတို့မှ အဓိကဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာ (သစ်) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ ဧရာပဒေသာ(အဟောင်း) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ (အသစ်) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ မနောသုခ (အဟောင်း) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ဖန်သီး (အသစ်) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ဆလတ်ကြီး(သစ်) (၂၄)ပြည် ကျပ်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရက်(၉၀) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ပေါ်ဆန်း (ရွှေဘို) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ပေါ်ဆန်း(မြောင်းမြ) (၂၄)ပြည် (၁) အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဧရာပဒေသာ (အသစ်) ကျပ်(၈၀၀၀)နှင့် ဖန်သီး(သစ်) ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ပြီး ကျန်ရှိသော ဆန်အမျိုးအစားများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ယခုအခါတွင် အများစုမှာ ဖန်သီးနှင့်ဆလတ်ကိုသာ အများဆုံးဝယ်ယူလျက်ရှိကြကြောင်း မင်းဘူးမြို့ ဆန်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)