Main menu

ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက် မေလ ဒုတိယပတ် မြို့နယ်အချို့ ဈေးနှုန်း ပြောင်းလဲမှုရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက် မေလဒုတိယပတ် မြို့နယ်အချို့ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ပုသိမ်ခရိုင်အတွင်း‌ ပေါ်ဆန်းစပါး ၄၆ ပေါင် ၁တင်းလျှင် ကျပ် ၃၀၀၀၀ ဝန်းကျင် ပေါ်ဆန်းဆန်တစ်အိတ်၁၃၅၀၀၀ ကျပ် ဈေး နှင့် မိုးဧည့်မထစပါး ၄၆ပေါင်  ၁ တင်းကျပ် ၂၀၀၀၀ ဝန်းကျင် ဆန်တစ်အိတ် ၈၅၀၀၀ ကျပ် ဈေးနှင့် ဧပြီလကုန်ဈေးအတိုင်း ပြောင်းလဲမှုမရှိပဲ ဟင်္သာတခရိုင်အတွင်း ယခင်လကုန် မိုးဧည့်မထစပါး ၄၆ ပေါင် ၁ တင်း ကျပ် ၁၈၀၀၀ ဝန်းကျင်မှ ယခုဈေး ၁၉၀၀၀ ဝန်းကျင် ဖြစ်သွား၍ စပါး ၁ တင်း ကျပ် ၁၀၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်တစ်အိတ် ယခင် ၈၂၀၀၀ ကျပ်ဈေးမှ ယခု ၈၃၀၀၀ ကျပ် ဖြစ်သွားသည့်အတွက် ဆန် ၁ အိတ် ကျပ် ၁၀၀၀ ခန့်ဈေးနှုူန်းမြင့်တက်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊၊

    မြောင်းမြခရိုင်နှင့်ဖျာပုံခရိုင်တို့တွင် ဈေးနှုန်းပြောင်းလဲမှုမရှိပဲ မြောင်းမြခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် ၁တင်း ၂၇၀၀၀/၃၀၀၀၀ ဈေးအတွင်းနှင့် ဆန်တစ်အိတ်ကျပ် ၁၂၀၀၀၀/၁၄၀၀၀၀ ဈေးဝန်းကျင်နှင့် ဧည့်မထမိုးစပါး ၄၆ ပေါင် ၁တင်းကျပ် ၂၀၀၀၀ ဝန်းကျင် ဆန်တစ်အိတ်၇၂၀၀၀/၈၅၀၀၀ ကျပ်ဈေးနှင့် ရောင်းဝယ်လျက်ရှိပြီး ဖျာပုံခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် ၁ တင်း ၂၈၀၀၀ /၂၉၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၁၂၅၀၀၀ ကျပ်ဈေးနှင့် မိုးဧည့်မထစပါး ၄၆ ပေါင် ၁တင်း ၂၀၀၀၀ ကျပ် ဝန်းကျင် ဆန်တစ်အိတ် ၈၇၀၀၀ ကျပ်ဈေးဖြင့် ဧပြီလကုန်ဈေးနှင့် မေလဒုတိယပတ် ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဟင်္သာတခရိုင်အတွင်းသာ ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုရှိကြောင်း ဆန်စပါးဈေးကွက်သတင်းများမှ သိရသည်၊၊

DOCA(ဧရာဝတီ)