Main menu

ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စားအုန်းဆီရောင်းချ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူး‌ပေါင်း၍ ၂၀၂၄ခုနှစ်၊ မေလ (၁၁)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန်အတွက် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပါသည်။

       အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးက ဝိုင်းဝန်း၍ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ပြီးနောက် တန်ဖိုးသင့်စားသောက်ကုန်ဖြစ်သည့် စားအုန်းဆီအား ဆီ (၅၀)ကျပ်သားတစ်ဘူးလျှင် (၃၀၀ဝိ/) ကျပ်ဖြင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)