Main menu

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ ၁၁ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်ရှိ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို တစ်ဦးလျှင် (၁)ပိဿာနှုန်း၊ စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ဝန်ထမ်း (၁၀၉၈)ဦးအတွက် စားအုန်းဆီ ၁၀၉၈ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

       အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)