Main menu

ဂေါ်ဖီထုပ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာ

Powered by Drupal

           ဂေါ်ဖီထုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ဈေးကွက်တွက်ခြေကိုက်မှု ရှိ/မရှိ အခြေအနေအား သိရှိနိုင်ရန်အတွက် ၊ စားသုံးသူရေးရာဦးစီးဌာန နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် နတ်တလင်းမြို့ နယ် ဝဲကြီးကျေးရွာရှိ ဂေါ်ဖီထုပ်စိုက်ပျိုးသူတောင်သူနှင့် ၁၆.၂.၂၀၂၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံ လေ့လာခဲ့ကြပါသည်။

          တောင်သူများမှ ဂေါ်ဖီထုပ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဂေါ်ဖီထုပ်စိုက်ပျိုးခုံတွင် တစ်လပျိုးပြီး စိုက်ခင်းတွင် နှစ်လခွဲကြာစိုက်ကာ ခူးဆွတ်ရောင်းချရကြောင်း သိရှိရပြီး ယခင်နှစ်တွင် ဈေးကောင်းမရရှိကြောင်းနှင့် ယခုနှစ်တွင် အခြားဒေသများ၊ ရှမ်းပြည်နယ်များမှ အဝင်မရှိသောကြောင့် ဂေါ်ဖီထုပ်များကို နယ်ဝယ်လက်တို့မှ ဆက်လက်အဝယ်ရှိနေခြင်းကြောင့် ရန်ကုန်မှ ရခိုင်ဘက်များသို့ အခင်းလိုက် အပြတ်တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။ ယခင်နှစ် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၃၀၀ ကျပ် ၊ ယခုနှစ် ဂေါ်ဖီတစ်ထုပ်လျှင် ၇၀၀ ကျပ် ဖြင့် ရောင်းချရကြောင်းနှင့် တစ်ကျိုးစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၃၅၀၀၀၀ ကျပ်ခန့် ဖြစ်ပြီး တစ်ကျိုးဝင်ငွေမှာ ၁၅၀၀၀၀၀ ကျပ်ခန့် ရရှိနေသဖြင့် အကျိုးအမြတ်မှာ ၁၁ သိန်းခွဲခန့် ရရှိသည့်အတွက် ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းလည်း ရရှိခြင်းကြောင့် ဂေါ်ဖီစိုက်တောင်သူများ ဝင်ငွေကောင်းပြီး အကျိုးအမြတ်များစွာ ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)