ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ဒေါက်တာခိုင်သက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်နိုင်ဝင်း စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Asia Health & Wealth Co., ltd မှ လုပ်ငန်းရှင် ဒေါက်တာသန်းဆင့်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆေးသိုလှောင်ရုံအတွင်းစစ်ဆေးရာတွင် Albrel (Human Albumin Solution BP/EP) ဆေးတစ်မျိုးသာရှိပြီး အဆိုပါဆေးဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စိစစ်ခဲ့ပြီး တချို့ဆေးဝါးများမှာ လိုင်စင်လျှောက်ထားဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)